ဟင်္သာတ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက ဟင်္သာတခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့်ဇနီး ဒေါ်ခတ္တာထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သင်တန်းပို့ချသင်ကြားပေးခဲ့ကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းတက်ရောက်ခဲ့ကြသည့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သင်တန်းသား/သူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် ဌာနဖြစ်သဖြင့် ဌာနဆိုင်ရာများ၏ ကျင့်သုံးနေသောလုပ်ထုံးလုပ်နည်း၊ ဥပဒေများကိုသိရှိရန်ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာများကို သင်ကြားပို့ချစေခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ခေတ်ကာလအခြေအနေများအရ မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ ယခုအချိန်မှသာ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါကြောင်း၊ လာရောက်ပို့ချသင်ကြားပေးသည့် ဌာနဆိုင်ရာအကြီးအကဲများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် (၅)ရက်တာကာလ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား/ သူများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ စာရေးဝန်ထမ်းများအတွက် လုပ်ငန်းဆောင်ရွက်ချိန်တွင် အကျိုးရှိစေသော သင်တန်းတစ်ခုဖြစ်ရန်ရည်ရွယ်ခဲ့ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့်ဇနီး ဒေါ်ခတ္တာထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သင်တန်းပို့ချသင်ကြားပေးခဲ့ကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့မှ သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား/ သူများသို့ ပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)