(၁၁၁)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူဘုရားများ ပူဇော်ခံထားရှိသည့် ဘုရားကြီးဝင်းအတွင်း ရဟန်းရှင်လူပြည်သူများ အေးချမ်းတည်ငြိမ်စွာဖြင့် လာရောက်ဘုရားဖူးမြော်လျက်ရှိ

ထားဝယ် နိုဝင်ဘာ ၂၅

(၁၁၁)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူဘုရားများ ပူဇော်ခံထားရှိသည့် ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ (ဒုတိယနေ့)ယမန်နေ့ညနေပိုင်းတွင် ရဟန်းရှင်လူပြည်သူများ အေးချမ်းတည်ငြိမ်စွာဖြင့် လာရောက်ဘုရားဖူးမြော်လျက်ရှိသည်။

ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့မှကြီးမှူး၍ ရပ်ကွက်ပေါင်းစုံပါဝင်သောထားဝယ်ဒေသ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာပြည်သူများ၊ ဈေးဆိုင်ခင်းများ၊ ဒေသခံပြည်သူများဖြင့် စည်းကာလျက်ရှိပြီး ထားဝယ်ရိုးရာနှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲသည်ဒေသတွင်း အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်၍ ထားဝယ်ဒေသခံများနှစ်စဉ် ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။

နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားရုပ်ပွားတော်များအား ရွှေတောင်စားစေတီဘုရားကြီးဝင်းအတွင်း ယာယီဂန္ဓကုဋီအဆောင်တော်၌ ကိန်းဝပ်စံပ္ပါယ်ထားရာ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ စည်းကာလျက်ရှိပြီးစေတနာရှင်၊ အလှူရှင်များက ဘုရားကြီးဂေါပကအလှူခံမဏ္ဍပ်သို့ အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။

နှစ်ကျိပ်ရှစ်ဆူမြတ်စွာ ဘုရားရုပ်ပွားတော်များအား ရဟန်းရှင်လူပြည်သူများ ကြည်ညိုပူဇော်ကန်တော့ရန်အတွက် နိုဝင်ဘာ ၂၇ ရက်နေ့အထိဘုရားကြီးဝင်းအတွင်း ယာယီစံကျောင်းတော်ဖြင့် ထားရှိပေးထားမှာဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)