အရာတော်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

အရာတော် နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်များစာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန် ယမန်နေ့ ၁၁ နာရီက လူငယ်စာပေဝါသနာရှင်များ စုပေါင်းပြီး စာရေးဆရာ တက္ကသိုလ်စိုးမိုးနိုင်ရေးသားသည့် "အောင်မြင်သူတို့၏ ရွှေနှလုံးသား ရွှေစည်းမျဉ်းနှင့် အောင်မြင်မှုအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် လူငယ်စာပေဝါသနာရှင်များက "အောင်မြင်သူတို့၏ ရွှေနှလုံးသားရွှေစည်းမျဉ်းနှင့် အောင်မြင်မှုအနုပညာ"စာအုပ်တွင်ပါရှိသော အောင်မြင်သူတို့၏ နှလုံးအိမ်၊ မီးလျှံကြားက ပန်းရွှေကြာ၊ အောင်မြင်ရေးမှာ ဖြတ်လမ်းမရှိပါ၊ လောကဓံကို စိန်ခေါ်ခြင်း၊ ငါဘယ်လိုလူစားလဲ၊ စိတ်ဓာတ်ခွန်အား၊ မိုင်တစ်ထောင်အတွက် ပထမဆုံးခြေလှမ်း စသည့်အကြောင်းအရာ အချက်အလက်များကိုဖတ်ကြားပြီး မိမိသဘောထားအမြင်များဖြင့် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)