မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေတွင် စုပေါင်းမဟာဘုံကထိန် ပွဲတော်နှင့် ဘက်စုံအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြောင်းမြ နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ မြစိမ်းရောင်တောင်တော် စုပေါင်း မဟာဘုံကထိန်ပွဲတော်နှင့် ဘက်စုံအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေက မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၊ အောင်မင်းခေါင် ဓမ္မသာလာတန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို မြစိမ်းရောင်တောင် သာသနာ့နယ်မြေ ဘိုးတော်ပွား၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြပြီး တန်ဆောင်မုန်း လဆန်း ၁၄ ရက်တွင် ကျင်းပမည့် မြတိဂုံစေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းနှင့် မြောင်းမြဒေါ်ချို (အာရုံခံတန်ဆောင်း) ရေစက်ချခြင်း၊ စကျင်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်ခြင်း၊ ဆင်ဖြူတောင် အာရုံခံတန်ဆောင်း ရေစက်ချခြင်း၊ နဂါးရုံဘုရားနှင့် ကမ္ဘာ့အလင်းရောင်ဘုရား အနေကဇာတင်ခြင်း၊ သက္ကဝတီစေတီတော် ဌာပနာပိတ်ခြင်း၊ စွယ်တော်တိုက်ဘုရားထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းတို့နှင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပမည့် အကြိမ် (၃၀) မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့​ မြစိမ်းရောင် သာသနာ့နယ်မြေတွင် တန်ဆောင်တိုင်ပွဲတော်ကို ကထိန်ပွဲနှင့် အလှူအတန်းများ၊ စျေးပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(မြောင်းမြ)