ကျုံပျော်မြို့ အ.ထ.က (၁)မိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားစွာကျင်းပ

ကျုံပျော် နိုဝင်ဘာ ၂၄

နှစ်စဉ်မပျက်ကျင်းပမြဲဖြစ်သည့် ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၌ ယနေ့နံနက်က စည်ကားစွာ ကျင်းပပြုလုပ်ခဲ့သည်။

တိုသို့ ကျင်းပရာတွင် ကျောင်းအုပ်ဆရာကြီး ဦးလှနိုင် ဦးဆောင်သည့် ဆရာ၊ ဆရာမများ၊ အတန်းစု အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့မှ စတင်၍ ဗိုလ်ချုပ်လမ်း တစ်လျှောက် ကထိန်ဉတ်သင်္ကန်းတော်နှင့် ပဒေသာပင်များ၊ အိုးစည်ဝိုင်းများ၊ အက‌ မော်တော်ယာဉ်များဖြင့် စည်ကားစွာ လှည့်လည်ကြပြီး ပင်လုံရပ်ကွက်ရှိ ပုဂံဘုန်း‌တော်ကြီးကျောင်းတိုက်သို့ ပဒေသာပင် ပို့ဆောင်ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီး အမှူးပြုသည့် အ.ထ.က(၁)ပညာရေး မိသားစုများက ဉတ်သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထု အစုစုတို့ကို  ကထိန်ခင်းနိုင်ရန် သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပြီး  ကထိန်အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ယနေ့ အ.ထ.က(၁) မိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲသည် (၆၁)ကြိမ်မြောက် ရှိပြီဖြစ်ပြီး၊ အတန်းစု အသီးသီးမှ စုစုပေါင်း လှူဒါန်းမှု တန်ဘိုးမှာ  (၅,၈၉၈,၈၀၀)ကျပ် ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)