ကြံခင်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှုး၍ မြို့နယ်လုံးဆိုင်ရာ (၃၃)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်လျာသင်္ကန်း ဆက်ကပ်အလှူတော်မင်္ဂလာပွဲကို ယမန်နေ့နံနက်ပိုင်းက တလိုင်းကွင်းကျေးရွာအုပ်စုရှိ၊ သိမ်တော်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတိုက်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက ပဒေသာပင် (၂၈)ပင်အား ကျွဲအကများ၊ အိုးစည်ဗုံမောင်းများဖြင့် ပို့ဆောင်လှူဒါန်းကြသည်။ ယင်းနောက် အခမ်းအနားကျင်းပရာ ကြွရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှုရှင်များက နမောတဿ (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနား ဖွင့်လှစ်ပြီး၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် နိုင်ငံတော်ဝိနည်းဓိုရ် ကွေ့မတောင်ပုံကျောင်းဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဝရဉာဏ ဆရာတော်ထံမှ ငါးပါးသီလတရားတော် ခံယူဆောက်တည်ပြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ဆရာတော် (၂၈)ပါးအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ လှုဖွယ်ဝတ္ထု ဆက်ကပ်လှုဒါန်းခြင်းနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် နိုင်ငံတော်ဝိနည်းဓိုရ် ကွေ့မတောင်ပုံကျောင်းဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဝရဉာဏ ဆရာတော်အား ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံ ဝတ္ထုသင်္ကန်းများ ဆက်ကပ်လှူဒါန်းရာ၊ ငွေသားတန်ဘိုး ငွေကျပ်သိန်း (၇,၉၆၃,၂၀၀)၊ ပဒေသာပင် (၂၈)ခုတန်ဘိုးငွေကျပ် သိန်း(၄,၃၂၆,၇၀၀)၊ စုစုပေါင်း တန်ဘိုးငွေကျပ် သိန်း (၁၂,၂၈၉,၉၀၀)တန်ဘိုးအား လှုဒါန်းခဲ့ကြသည်။
ထိုနောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအကျိုး အနုမောဒနတရားတော်အား ဟောကြားပေးပြီး လှုဒါန်းမှု အစုစုအား ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားပြီးဆုံးကြောင်းနှင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှုဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)