လှိုင်းဘွဲ၊ အောက်တိုဘာ ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရန်အတွက် အသိပညာပေးသင်တန်း အောက်တိုဘာ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ အောင်ဆန်းခန်းမ၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတတိယရက်သင်တန်းကို လှိုင်းဘွဲမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု(၉)အုပ်စုမှ မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒု-မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ဆရာ/ဆရာမ(၆၅)ဦး တက်ရောက်ခဲ့ပြီး မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့်အဖွဲ့ဝင်များ၏ တာဝန်ဝတ္ထရားများ၊ မီဒီယာကိစ္စများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့် ပူးတွဲပုံစံများ၊ မဲရေတွက်ခြင်း/ထုပ်ပိုးခြင်း၊ မဲရလဒ်ပုံစံ(၁၆)/၁၆-က ရေးသွင်းခြင်း၊ မဲရုံခင်းကျင်းခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)