နတ်တလင်းမြို့၌ သကျမဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲ အခမ်းအနား ကျင်းပပြုလုပ်

နတ်တလင်း   နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း သကျမဟာမြတ်မုနိဘုရားကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါဘုရာကြီး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားအား ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများ၊ ဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီးပေးခဲ့ပြီး မြို့နယ်သံဃာ့ နာကဆရာတော် ဘဒ္ဒန္တဇဋိလနှင့်ဆရာတော်များမှ ဂန္ဓကုဋိတိုက်အတွင်းတွင် ဗုဒ္ဓမြတ်စွယ်တော်များအား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းပြုလုပ်ခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်များအား သာသနာ့ဗိမာန်တော်အတွင်းရှိ ယာယီစံကျောင်းဆောင်သို့ တာဝန်ရှိသူများက အများပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက်ပင့်ဆောင်၍  ဆရာတော်ကြီးများထံ ဆက်ကပ်ခဲ့​သည်။၊

ထို့နောက် ဆရာတော်ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလခံယူ၍ ဆရာတော်များက မေတ္တာပို့ပရိတ်တရားရွတ်ဖတ်ပူဇော်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဦးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းပြုလုပ်ပြီး ဂန္ဓကုဋိတိုက်အား လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်၍ သာသနာ့ဗိမာန်တော်အတွင်းရှိ ယာယီစံကျောင်းဆောင်းသို့ ပင့်ဆောင်ပူဇော်ခဲ့သည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲသို့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ တပ်မချုပ်(၆၆) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်ဆိုင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သကျမဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်ဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး ဗုဒ္ဓမြတ်စွယ်တော်အား နိုဝင်ဘာ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)