တောင်ငူ နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပထမနှစ်မှ မဟာတန်းအထိတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ဖွင့်လှစ်ပို့ချလျက်ရှိရာတွင် ပထမနှစ်မှ မဟာတန်းအထိ တက်ရောက်သူများကသက်ဆိုင်ရာ စာသင်ခန်းများ၊ လက်တွေ့ခန်းများတွင် အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး ဆရာ၊ ဆရာမများက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဆိုင်ရာသင်တန်းများ သင်ကြားပေးလျက်ရှိသည်။
အဆိုပါတက္ကသိုလ်တွင် ပထမနှစ်မှ မဟာတန်းအထိစာရင်းရှိ ကျောင်းသား၊ ကျောင်းသူဦးရေ(၄၈၀)ကျော် ကျောင်းအပ်နှံသင်ကြားလျက်ရှိပြီး ယမန်နှစ်က ပညာသင်နှစ်အလိုက်တက်ရောက်ခဲ့သူ(၃၆၁)ဦးရှိကြောင်း ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ပါမောက္ခချုပ်ထံမှသိရသည်။
ခရိုင်ပြန်/ဆက်