ညောင်တုန်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်၊ ဓမ္မာရုံနှင့် အမှတ်(၇) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးကျော်မျိုးထက် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာရေးကိစ္စရပ်များ၊ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှုကိစ္စရပ်များကို ကဏ္ဍအလိုက်ဆွေးနွေး၍ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထက်ဝေဖြိုး (ပြန်ဆက်)