သဲကုန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံးမှူး နှင့်မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

သဲကုန်း   အောက်တိုဘာ    ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်ပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီက သဲကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မဲရုံများတွင် တာဝန်ထမ်ဆောင်ကြမည့် မဲရုံမှူးနှင့်ဒုတိယမဲရုံမှူး(၃၉၂)ဦးအား သင်တန်းပို့ချခြင်းကို (၃)ရက်ခွဲ၍ အောက်တိုဘာ(၂၄)ရက်နေ့မှ အောက်တိုဘာလ(၂၆)ရက်နေ့အထိ နည်းပြ(၈)ဦးဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏အခန်းကဏ္ဍ၊ တာဝန်ဝတ္တရား၊ မဲရုံသုံးပုံစံများ ရေတွက်ခြင်း၊ မဲရုံပိတ်သိမ်းခြင်းနှင့် ရေတွက်ခြင်း၊ မဲရုံဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာများ၊ မသန်စွမ်းသူ၊ မဲဆန္ဒရှင်/ခက်ခဲသော မဲအခြေအနေများအား ကိုင်တွယ်ဖြေရှင်းခြင်း၊ ကျန်းမာရေးနှင့်ဘေးကင်း လုံခြုံမှုဆိုင်ရာ အကြံပြုချက်များကို စာတွေ့လက်တွေ့ ပို့ချပေးမှာဖြစ်ပြီး သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချ လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နိုင်လင်း(သဲကုန်း)