ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံမျိုးစုံ ၄၃‌၀၀၀ ဧကကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံမျိုးစုံ ၄၃၀၀၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး ၁၆၆ ဧက၊ ပဲမျိုးစုံ ၁၉၇၅၃ ဧက၊ ဆီထွက်သီးနှံ ၃၄၈၂၄ ဧက၊ အခြားသီးနှံ ၂၄၉၉ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးဖို့ ၅၇၂၄၂ ဧကစိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၄၃၈၅၀ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ချောင်းရေ၊ မြေအောက်ရေတင်ပြီး လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြပါတယ်။ သီးထပ် သီးညှပ် စိုက်ပျိုးကြဖို့ ဝောာင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ‌ဒေါ်မြင့်မြင့်ရီက ပြောသည်။

 ကျွန်းလှမြို့နယ်တွင် လက်ရှိအချိန်အထိ ဆောင်းသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲမျိုးစုံ ၁၂၇၅၅ ဧက၊ ဆီထွက်သီးနှံ ၂၉၇၂၈ ဧက၊ အခြားသီးနှံ ၁၃၆၇ ဧက၊ စုစုပေါင်း ၄၃၈၅၀ ဧက (၇၆ ဒသမ ၆၀) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ