ဟင်္သာတ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်ကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အဆင့်မြင့် ပညာတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ ကျောင်းများစတင် တက်ရောက်လျက်ရှိသည်။
အဆိုပါအဆင့်မြင့်ပညာကျောင်းများတွင် နည်းပညာတက္ကသိုလ် (ဟင်္သာတ) ကျောင်းရှိသင်တန်းနှစ်များအလိုက် ကျောင်းအပ်နှံထားသူ ၂၇၃ ဦးအနက်၈၆ ဦးတက်ရောက်ပြီးကွန်ပျူတာ တက္ကသိုလ်တွင်ပထမနှစ်မှ ပဥ္စမနှစ်အထိကျောင်းအပ်နှံပြီးသူ ၂၃၈ ဦးရှိရာ ယနေ့တွင် ၁၈၃ ဦးနှင့်ကွန်ပျူတာသိပ္ပံဒီပလိုမာ ၃၁ ဦးတို့တက်ရောက်ခဲ့ကြပြီး ဟင်္သာတ တက္ကသိုလ်၌ ဘာသာရပ်အားလုံးအတွက် ကျောင်းအပ်နှံပြီးသူ ၁၈၂၀ ဦးအနက် ယနေ့ကျောင်းပြန်ဖွင့်စနေ့တွင် ၁၁၀၃ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၃၇၂ ဦးတို့မှ တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်အကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)