ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အတွင်းနှင့် မျက်နှာစာ လမ်းမကြီးတစ်လျှောက် (LED)မီးများ အသစ်တပ်ဆင်ထားရှိ

မြင်းမူ၊  အောက်တိုဘာ  ၂၄

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ရှိ အများပြည်သူများ အပမ်းဖြေအနားယူရန်နှင့်  ဗိုလ်ချုပ်ကြေးရုပ်ထားရှိရာ     ဗိုလ်ချုပ်ပန်းခြံအတွင်း သာယာလှပရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က   တိုင်းဒေသကြီး ထောက်ပံ့ငွေများဖြင့်  မီးတိုင်နှင့် (LED)မီးများ တပ်ဆင်ထားကြောင်းသိရှိရသည်။

ပန်းခြံသာယာလှပရေးအတွက် တိုင်းဒေသကြီးအစိုးရထောက်ပံ့ငွေဖြင့် ပန်းခြံအတွင်းမီးတိုင် အသစ်(၇)တိုင်နှင့် လင်းအား(၁၁၅)ဝပ်ရှိ Single Arm များတပ်ဆင်ခြင်းနှင့်အတူ  ပန်းခြံ၏မျက်နှာစာ လမ်းမကြီးရှိ မီးတိုင်များတွင် လင်းအား(၁၁၅)ဝပ်ရှိ Single Arm မီး(၁၄)လုံးကိုလည်း တပ်ဆင်ထားပြီးဖြစ်ကြောင်း၊ ၎င်းအပြင် ပန်းခြံအတွင်း လာရောက်သူများ အနားယူရန်အတွက် အရိပ်ရအပင်နှင့် ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးထားရှိကာ  ကိုယ်လက်ကျန်းမာရေးလှုပ်ရှားမှု   အသုံးပြုပစ္စည်းများကိုလည်း တပ်ဆင်ထားရှိကြောင်း၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးလှမျိုးအောင်ထံမှသိရှိရသည်။

မီးတိုင်နှင့်လင်းအား(၁၁၅)ဝပ်ရှိ Single Arm  များတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်သိန်း(၁၂၀) ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်စိုးဖေ (မြင်းမူ)