ပဲခူးမြို့၌ (၁၃) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည်

ပဲခူး နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဗုဒ္ဓအသံဓမ္မဗိမာန်မှစတင်ကာ ပဲခူးမြို့တွင်း လမ်းမတစ်လျှောက် ပဒေသာပင်များအား မော်တော်ယာဥ်များဖြင့် တင်ဆောင်၍ စည်ကားသိုက်မြိုက်စွာ စုပေါင်းလှည့်လည်ခဲ့ကြသည်။

အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများမှ စုပေါင်း၍ လှူဒါန်းသော ပဒေသာပင်(၄၄)ပင်အား ကျောင်းတိုက်များသို့ မဲဖောက်၍ သွားရောက်လှူဒါန်းသွားမည်ဖြစ်ပြီး ပစ္စည်းနှင့်ငွေသားတန်ဖိုးငွေမှာ (၄၆၄၂၇၁၀၀ )ကျပ်ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)