စစ်ကိုင်း နိုဝင်ဘာ ၂၃
စစ်ကိုင်းခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများဖြင့် ကိုက်ညီမှု ရှိ/မရှိ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့်အတူ မြေပြင် ကွင်းဆင်း အကဲဖြတ်စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
“စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ စိမ်းလန်းစိုပြည် သန့်ရှင်းသော ကျောင်းအခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ ကိုက်ညီမှု ရှိ/မရှိကို နောက်ဆုံးအကြိမ် မြေပြင်ကွင်းဆင်း စစ်ဆေးကြတာပါ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာလည်း အဖွဲ့ဝင်တွေနဲ့အတူ ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီးပါပြီ။ ဒါနောက်ဆုံးအကြိမ် စစ်ဆေးခြင်းပါပဲ အဖွဲ့ဝင်တွေကနေ ကျောင်းမှာတွေ့ရှိတဲ့ အခြေခံစံနှုန်းနဲ့ အညွှန်းကိန်းတွေပေါ်မူတည်ပြီး သက်မှတ်စည်းကမ်း အမှတ်များပေးပြီး ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက် သွားမှာပါ။ စစ်ကိုင်းမြို့မှာဆိုရင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရယ်၊ ပါရမီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပါဝင်ယှဉ်ပြိုင်သွားကြမှာပါ” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဆက်လက်၍ အဆိုပါအဖွဲ့များသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)သို့ သွားရောက်၍ ကျောင်းစိမ်းလန်းစိုပြည်ရေး မြေမြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်