စေတုတ္တရာ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၏ (၂၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့မွန်းလွှဲပိုင်း၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်ကာ မြို့နယ်လမ်းမတစ်လျှောက် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းထက်အောင်စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သော စုပေါင်းဘုံကထိန်ကျင်းပရေးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းကာ ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတို့ဖြင့် စုပေါင်းလှည့်လည်ကြသည်။
ထိုသို့လှည့်လည်ခဲ့ရာတွင် အိုးစည်၊ဗုံမောင်းများ၊ ဦးရွှေရိုး၊ ဒေါ်မိုးအကများအပြင် အခြေခံပညာကျောင်းမှ ကျောင်းသား၊သူများ၏ ယိမ်းအကအလှများ၊ မင်းသားအကတို့ဖြင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာဖြင့် စေတုတ္တရာမြို့လမ်းမတစ်လျှောက် လှည့်လည်၍ ပဒေသာပင်များပင့်ဆောင်ခဲ့ကြပီးနောက် (၂၁) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပါဝင်သော ပဒေသာပင်ပစ္စည်းနှင့် ငွေသားတန်ဖိုး(၁၀၃၇၀၀၀)ကျပ် (၁)ခု၊ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများ ပါဝင်သော ပဒေသာပင်(၁)ခု၊ ဌာနဆိုင်ရာများပါဝင်သော ပဒေသာပင် (၁၄) ခုနှင့် လုပ်ငန်းရှင်ပဒေသာပင် (၁) ခု စုစုပေါင်းပဒေသာပင် (၁၆) ခု၏ ပစ္စည်းနှင့်ငွေသားတန်ဘိုးငွေကျပ် (၆၆၈၅၆၅၀) ကျပ်တိတိအား စေတုတ္တရာမြို့နယ် အေးစေတီဘုန်းတော်ကြီးကျောင်းတွင် ကထိန်သက်န်းနှင့် လှုဖွယ်ဝတ္တူများဆက်ကပ်ခြင်းနှင့် သံဃာတော်အရှင်မြတ်တို့အား နိုဝင်ဘာ(၂၃)ရက်နေ့တွင် ရေစက်ချတရားနာအခမ်းအနားဖြင့် ဆက်ကပ်လှုဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)