ညောင်တုန်းမြို့နယ်၊ ရွာသာညွှန့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်တုန်း နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရွာသာညွှန့်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွာသာညွှန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မျိုးထက်က မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အ‌ကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ အားကစားသိပ္ပံကျောင်း တက်ရောက်မည့်သူများ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာများ စသည့် အကြောင်းအရာများကိုလည်း‌ကောင်း ဟောပြောခဲ့သည်။

ထို့နောက် စာအုပ်စာစောင်နှင့်အားကစားပစ္စည်းများလှူဒါန်းခြင်း၊ အသိပညာပေးနယ်လှည့် နံရံကပ်စာစောင် ပြသခြင်းနှင့် အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်း တို့နှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးလှူဒါန်းမှု အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့များ လှူဒါန်းတိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)