အထက်မင်းလှ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်တွင် သီးထပ်၊ သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးပြီးသီနှံများ အထွက်နှုန်းတိုးတက်ရေး၊ အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ငွေလုံးငွေရင်းလုပ်ငန်းများ အရည်အသွေးပြည့်မှီပြီး အချိန်မီပြီးစီးရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ ယမန်နေ့နံနက်ပိုင်းက လင်းကယ်တိုက်နယ်၊ ညောင်ဝိုင်းတိုက်နယ်၊ မြို့မတိုက်နယ်၊ ရေနံမတိုက်နယ်၊ ရှမ်းတပ်တိုက်နယ်၊ လက်ပံတံခါးတိုက်နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃-၂၀၂၄ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးဆောင်ရွက်ရန် လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အဓိကသီးနှံ (၁၀) မျိုးပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းချေးငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ဌာနဆိုင်ရာများအလိုက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အရည်အသွေးပြည့်မှီပြီး အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ်စိုက်ပျိုးရာသီတွင် စိုက်ဧကများလျာထားချက်ပြည့်မီရေး၊ သီးထပ်စိုက်စွမ်းအားမြှင့်တင်ရေး၊ အဓိကသီးနှံ (၁၀) မျိုးပန်းတိုင်အထွက်နှုန်းရရှိရေး ၊စိုက်ပျိုး ရေရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများမှ တိုက်နယ်(၆)ခုတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)