ရွှေတောင်မြို့နယ်၊ အ.ထ.က (ရွှေတောင်)ကျောင်း၏ (၅၇)ကြိမ်မြာက် စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ရွှေတောင် နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က (ရွှေတောင်)ကျောင်း၏ (၅၇)ကြိမ်မြာက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(ရွှေတောင်) ရတနာခန်းမတွင် ပင့်ဖိတ်ထားသော ဆရာတော်များထံမှ တရားတော်နာယူခဲ့ကြသည်။ ဆရာတော်များက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ တရားဒေသနာတော်စတင်ဖွင့်လှစ်ခဲ့ပြီး မေတ္တသုတ်တရားတော်နှင့် ကထိန်သင်္ကန်းလှူဒါန်းရခြင်း အကျိုးတရားတော်များ ဟောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့်ဆရာ- ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများက ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့်ဆရာ- ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို အ.ထ.က(ရွှေတောင်)ကျောင်းမှ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ဇောတိကကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပင့်ဖိတ်ဆရာတော်သံဃာတော်များ ဆက်ကပ်လှူဒါန်းမှုနှင့် ပဒေသာပင်တန်ဖိုးစုစုပေါင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌ငွေကျပ် ၃၁၉၆၉၀၀/-လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)