မိုးညိုမြို့နယ်လုံးဆိုင်ရာ သမိုင်းဝင်ဗုဒ္ဓမြတ်စွယ်တော် (၈၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အပူ‌ဇော်ခံပွဲအခမ်းအနား ကျင်းပ

မိုးညို နိုဝင်ဘာ ၂၂

မြို့နယ်လုံးဆိုင်ရာ သမိုင်းဝင်ဗုဒ္ဓမြတ်စွယ်တော် (၈၃)ကြိမ်မြောက် ‌ဗုဒ္ဓပူဇနိယပွဲတော် အပူဇော်ခံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ ကျွန်းကလေးဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတသ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကြွရောက်လာသူများက တောရကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်က စွယ်တော်ပင့်ဂါထာရွတ်ဖတ်ပူဇော်၍ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်တော်မူသော ကျောင်းတိုက်ပေါ်မှ ဆရာတော်ကြီးများ ဦးဆောင်၍ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့နှင့် ဧည့်သည်တော်များက ဂန္ဓကုဋီတိုက်အတွင်းရှိ ပလ္လင်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့သည်။

အဆိုပါသမိုင်းဝင်ဗုဒ္ဓမြတ်စွယ်တော်ကို နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ အပူဇော်ခံမှာဖြစ်ပြီး တရားပူဇော်ပွဲနှင့် ပဠာန်းမြတ်ပူဇော်ပွဲများ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)