ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရေး အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူ (၁၀၁)ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ပတ် Sawb များရယူ

ပေါင်းတည် အောက်တိုဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်  ထိန်းချုပ်နိုင်စေရေး အတွက် အသွားအလာကန့်သတ်စောင့်ကြည့်နေသူ (၁၀၁)ဦးထံမှ နှာခေါင်းနှင့် အာခေါင်တို့ပတ်(Swab) များရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်နှင့်ကျေးရွာများရှိ သက်ဆိုင် ရာ Quarantine Centre နှင့် Home Quarantine  နေရာ (၂၀)နေရာသို့  ပေါင်းတည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၂)ဝန်ထမ်း Swab Team အဖွဲ့ ၃ ဖွဲ့ဖြင့်  သွားရောက် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အတည်ပြုလူနာ ပိုးတွေ့ရှိသူနှင့် ထိတွေ့မိသူများ ပြည်တွင်း၊ ပြည်ပပြန် များနှင့် ဒုတိယအကြိမ် ထမ်မံရယူရမည့်သူ အပါအဝင် (၁၀၁) ဦးတို့၏ နှာခေါင်းနှင့်အာခေါင်တို့ပတ် များကို Swab Team များမှ ရယူခဲ့ကြပြီး အဆိုပါ ဓာတ်ခွဲနမူနာများအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နှာခေါင်းနှင့် အာခေါင်တို့ပတ် (Swab) များ ရယူခြင်း လုပ်ငန်းအား ပေါင်းတည်မြို့နယ်  ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းမှ ကြီးကြပ်၍ မြို့နယ်ပြည်သူ့ဆေးရုံ ဓာတ်ခွဲမှူး ဦးတင်မောင်မြင့်၏ လမ်းညွှန်မှုများနှင့်အတူ အဆိုပါ Swab Team အဖွဲ့ ၃ ဖွဲ့ မှ လုပ်ငန်းဆောင်ရွက်ခဲ့ရာ  စင်တာများရှိ ကျန်းမာရေးဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်းများက ကူညီရယူပေးခဲ့ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်