ကြံခင်းမြို့နယ် ကျောက်တိုင်ဘုန်းတော်ကြီးကျောင်းတွင် “ပုနောပသမ္ပဒမင်္ဂလာ” အလှူတော်ပွဲနှင့် စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကြံခင်း နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ တန်ဆောင်မုန်းလတွင် ကထိန်လျာ ဉတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကြံတောအုပ်စု၊ ကျောက်တိုင်ဘုန်းတော်ကြီးကျောင်းတွင် ကျောက်တိုင် ကျောင်းတိုက်ဆရာတော် ဒေါက်တာပညာနန္ဒအား “သိက္ခာထပ်ဆင့်ကံတော်မြှင့်ခြင်း ပုနောပသမ္ပဒမင်္ဂလာ” အလှူတော်ပွဲနှင့် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲကြီး ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်တိုင်ကျောင်းတိုက်ဆရာတော် ဒေါက်တာပညာနန္ဒ အရှင်သူမြတ်အား “သိက္ခာထပ်ဆင့် ကံတော်မြှင့်ခြင်း  ပုနောပသမ္ပဒမင်္ဂလာပွဲ” ကျင်းပလှူဒါန်းပြီး အလှူရှင် ဒါယကာများ၊ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်များက နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်  နိုင်ငံတော်ဝိနည်းဓိုရ် ကွေ့မတောင်ပုံကျောင်းဆရာတော် သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တဝရဉာဏ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ဆရာတော်ကြီးက တရားဒေသနာများ ချီးမြှင့်ဟောကြားပြီး ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းကြရာ ပဒေသာပင် (၈)ပင်နှင့် လှူဖွယ်ဝတ္ထု အစုစုအတွက် ငွေကျပ်သိန်း(၁၀၀) ဆက်ကပ်လှူဒါန်းကာ   လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ကြွရောက်တော်မူလာကြကုန်သော သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ စုပေါင်းဘုံကထိန်ပွဲတွင် အလှူဒါယကာ ဦးအောင်သိန်း+အလှူဒါယိကာမ ဒေါ်သန်းသန်းခိုင် မိသားစုတို့က မတည်ပြီး ကျောက်တိုင်ကျေးရွာမှ (အ.မ.က) ကျောက်တိုင်ကျောင်း၊ (မူကြို)ကျောင်းနှင့် ကျေးရွာမှအလှူဒါယကာ၊ ဒါယိကာမများ စုပေါင်း လှူဒါန်းကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)