ဒေးဒရဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်း ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းဝန်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်() အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက တို့ကျောင်းတော်ကြီး သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး ကျောင်းကောင်စီ အတွင်းရေးမှူး မောင်ထက်ဝေယံဟိန်းက အမှတ်() အခြေခံပညာအထက်ကျောင်း သမိုင်းအကျဥ်းကို ဖတ်ကြားခြင်း၊ ကန်တော့ခံ ဆရာ၊ ဆရာမများအား ကန်တော့ခံ လက်ဆောင်ပစ္စည်းများ ဂါရဝပြုခြင်းနှင့် ဆရာ၊ ဆရာမများအား သြကာဿ ကန်တော့ချိုးဖြင့် ကျောင်းသား၊ ကျောင်းသူများက ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စောက ဆုံးမသြဝါဒစကား ချီးမြှင့်ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အပြုံးလှတဲ့ဆရာ၊ ပုသိမ်ထီးနှင့် ပုသိမ်သူသီချင်းများဖြင့် ဂုဏ်ပြု ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို  ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အာစရိယပူဇော်ပွဲ အခမ်းအနားကို အမှတ်() အခြေခံ အထက်တန်းကျောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမ (၆၂)ဦးအား ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ယဥ်ကျေးမှု ရိုးရာထုံးစံများနှင့်အညီ အာစရိယ ပူဇော်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း