ပန်းတောင်း အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် ကိုဗစ် ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် ကျေးရွာများသို့ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နေ့လည်၂:၀၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာ နေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ၊ ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ဖြစ်ပွားတတ်သော ရောဂါ လက္ခဏာများ၊ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာ နေသင့်ကြောင်း ၊ မိမိတိုရပ်ကွက်/ကျေးရွာ များသို့ နေရပ်ပြန်များ၊ ပြန်လည်ရောက်ရှိလာ သူများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတဆင့် သတင်းပေးပို့ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး အသိပညာပေး ညွှန်ကြားချက်များကို လိုက်နာကြရန် ထုတ်ပြန်ထားသည့် ဥပဒေများကို သိရှိလိုက်နာကြရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)