မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံကွန်ပျူတာ စာစီစာရိုက်သင်တန်း ၃/၂၀၂၃ ဖွင့်လှစ်

မြောင်းမြ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံထူးချွန် ထက်မြက်စေရေးအတွက် အခြေခံကွန်ပျူတာ စာစီစာရိုက်သင်တန်း ၃/၂၀၂၃ ကို နိုဝင်ဘာလ ၂၀ ရက်က   စတင်၍ ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

အဆိုပါ အခြေခံကွန်ပျူတာ စာစီစာရိုက်သင်တန်း ၃/၂၀၂၃ သင်တန်းတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက Microsoft Word Document ဖြင့် အခြေခံစာစီစာရိုက် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀.၁၁.၂၀၂၃ မှ ၁၅.၁၂.၂၀၂၃ အထိ ရက်သတ္တပါတ် (၄) ပတ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၂ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(မြောင်းမြ)