တပ်မတော်နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည် ဇလွန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိ

ဇလွန်  နိုဝင်ဘာ  ၂၂

တပ်မတော်နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက် ၈ နာရီတွင် ဦးသီလသာသနာ့ဗိမာန်တွင် အခြေပြု၍ အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်၊ အရိုးနှင့် ကလေးများတွင် ဖြစ်ပွားတတ်သော ရောဂါများကို ဆေးကုသမှု ပါရဂူ အသီးသီးဖြင့် ဇလွန်မြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်နေမှုတို့အား တပ်မတော်နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ် (ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက ဆေးကုသနေမှုအား ကြည့်ရှုအားပေး၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆေးကုသရန် လာရောက်သူများအား ကူညီပေးခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)