ကျောက်တံခါး နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့က (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော ''လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်သူ (Book Club) အဖွဲ့ဝင်များက အဆိုပါစာအုပ်ကို ဖတ်ရှုလေ့လာခဲ့ကြပြီး အဆိုပါစာအုပ်မှရရှိသည့် အသိပညာဗဟုသုတများအား စာပေချစ်သူ(Book Club)အဖွဲ့ဝင် ဒေါ်မာမာဝင်းက ''လူငယ်နှင့်စူးစမ်းလေ့လာမှုများ'' ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဒေါ်တင်တင်နွယ်က ''မှားမှာကိုမကြောက်ပါနဲ့'' ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဒေါ်ဖြူဖြူထွေးက ''ရှက်စိတ်ကြောက်စိတ်နဲ့ အောင်စိတ်'' ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဒေါ်စုမိုးသွယ်က''လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း'' ခေါင်းစဥ်ဖြင့်လည်းကောင်း အချင်းချင်းအပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်များအနေဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတက်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူ (Book Club)အဖွဲ့ဝင်များပူးပေါင်း၍ လူငယ်များအား အသိပညာပေးနှိုးဆော်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)