ကော့သောင်းမြို့တွင် စာသင်ကျောင်းအခြေပြု မီးဘေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး(Kaeru Caravan)ဆောင်ရွက်

ကော့သောင်း နိုဝင်ဘာ ၂၂

သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ကျောင်းသူ/သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးနိုင်ခြေအများဆုံးနေရာဖြစ်သောကြောင့် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များမှ စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး(Kaeru Caravan)ကို ယမန်နေ့ ၉ နာရီအချိန်တွင် ကော့သောင်းမြို့၊‌ ပိတောက်ရွှေဝါရပ်ကွက်ရှိ အ.ထ.က(ခွဲ) အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာပေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းနှင့် ခရိုင်/မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များကGrade-5 မှ Grade-9 အထိ ကျောင်းသား/သူ(၁၅၀)ဦးအား စာသင်ကျောင်း အခြေပြုမီးဘေးနှင့်သဘာဝဘေး အန္တရာယ်လျှော့ချရေး(Kaeru Caravan) အသိပညာပေး အစီအစဉ်၊ သဘာဝဘေးလျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်ယှဉ်ပြိုင် ကစားနည်း (၁၀)မျိုးဖြင့် အသုံးပြုပုံ/အသုံးပြုနည်းများအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပေးပြီး ကျောင်းသူ/သားများအား လက်တွေ့ယှဉ်ပြိုင်ကစားစေခဲ့ပြီးနောက် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)