စလင်းမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်လစာငွေများ ဒုတိယနေ့ ဆက်လက်ထုတ်ပေးလျက်ရှိ

စလင်း  နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများအား နိုဝင်ဘာ(၂၂)ရက် ယနေ့နံနက်(၇)နာရီ အချိန်မှ  စတင်ကာ ဒုတိယနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။  

ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏ လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ စလင်းမြို့နယ်တွင် ပင်စင်စားဦးရေ စုစုပေါင်း(၂၄၁၁)ဦးကျော်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

စလင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းပေါင်း(၂၄၁၁)ဦးကျော်ရှိပြီး ပင်စင်လစာငွေများကို ဒုတိယနေ့အဖြစ် နိုဝင်ဘာ(၂၁)ရက်နေ့မှ လကုန်ရက်အထိ အစိုးရရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကာ ယနေ့နံနက်ပိုင်းအထိ ပင်စင်ထုတ်ယူသူ အငြိမ်းစားဝန်ထမ်း(၁၂၂၈)ဦးအား ပင်စင်လစာများ ထုတ်ပေးခဲ့သည်။ အငြိမ်းစားပင်စင်စားများမှ မိမိတို့၏ ပင်စင်လစာငွေများကို အေးချမ်းစွာဖြင့် ထုတ်ယူလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်မီမီအောင်ထံမှ သိရှိရသည်။

(မောင်လွင်)စလင်း