ပန်းတောင်း နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဥ်ဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး (ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း)အထွက်ကောင်းမျိုးသန့်မျိုးစေ့များ တောင်သူများထံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကိုယမန်နေ့ နေ့လယ်က ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကျော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများစုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပန်းတိုင်သီးနှံ(၁၀)မျိုး အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးတင်ဦးနှင့် တာဝန်ရှိသူများက အထွက်နှုန်းကောင်းသော ဗီယက်နမ်မြေပဲ မျိုးသန့်မျိုးစေ့များနှင့် ပဲတီစိမ်းမျိုး ရေဆင်း-၁၄၊ မတ်ပဲမျိုးသန့် TBL-9 မျိုးစေ့များကိုတောင်သူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
လပြည့်လင်း(ပြန်/ဆက်)