ကြံခင်းမြို့နယ် မြို့မဈေးကြီးဈေးသူ/သားများ၏ (၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည်

ကြံခင်း  နိုဝင်ဘာ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြို့မဈေးကြီး ဈေးသူ/သားများ၏ (၁၆)ကြိမ်မြောက်စု ပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာအဖွဲ့ မြို့မဈေးတာဝန်ခံရုံးမှ စုပေါင်းလှည့်လည်ကြသည်။

ထိုသို့ လှည့်လည်ခဲ့ရာ မြို့မဈေးကြီး ဈေးသူ/သားများစုပေါင်းမဟာဘုံကထိန်ပွဲကို ပဒေသာပင်များ၊ အိုးစည်၊  ဗုံမောင်းများ၊ကျွဲအကများဖြင့် မြို့နယ်အတွင်းသို့ စည်ကားသိုက်မြိုက်  ပျော်ရွှင်စွာလှည့်လည်ခဲ့ပြီး  မြို့မရပ်ကွက်  ထားဝယ်ကြီးကျောင်းတိုက်သို့ ပဒေသာပင်များအား ပို့‌ဆောင်လှူဒါန်းခဲ့ကြသည်။ ကြံခင်းမြို့ မြို့မဈေးသူ/သားများက ထားဝယ်ကြီးကျောင်းတိုက်အတွင်း သဲဖြူအရှေ့ကျောင်းတိုက် ဆရာတော်ဒေါက်တာသီရိနန္ဒထံမှ ငါးပါးသီလဆောက်တည်ကြပြီး  ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝထ္ထူများကို ဆက်ကပ်လှူဒါန်းကာ တရားတော်များနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းနှင့် ပစ္စည်းနှင့်ငွေသားတန်ဖိုး စုစုပေါင်း (၇၃၄၉၅၀၀)ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)