ကျွန်းလှ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရွှေကျွန်းမြေအားကစားကွင်းအတွင်း၌ Score Board တည်ဆောက်ပြီးစီးကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ထို (အလျား ၁၅ အနံ ၆) ပေ၊ မြေပေါ်အမြင့် ၉ ပေ၊ အသင်းအမည်၊ ကိုယ်စားပြုအရောင်၊ ဂိုးစကိုးနေရာများပါ Score Board ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၆၀၀၀၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။
အဆိုပါ Score Board တည်ဆောက်ခြင်းကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)