သရက် နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ဘော်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက ဘော်အုပ်စု၊ ဘော်ကျေးရွာကွင်းအမှတ် (၉၁၇)တွင် မိုးစပါး (မှော်ဘီ-၂) (RS-CS)မျိုးစေ့ထုတ်စိုက်ခင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာလယ်စီအဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်က လက်ရှိမျိုးစေ့ထုတ်စိုက်ခင်းမှ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့်များကို လာမည်နှစ်တွင် အခြားကျေးရွာအုပ်စုများသို့ တောင်သူအချင်းချင်း ချိတ်ဆက်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်းနှင့် မျိုးမြှင့်တင်ရေးလုပ်ငန်းအတွက် ခေါင်နှံ(၁၀၀၀၀)ကလည်း စုဆောင်းသွားမည်ဖြစ်ကြောင်းလာမည့်နှစ်တွင် ခေါင်နှံ (၁၀၀၀၀)ရွေးခြင်းမှ မျိုးစေ့တစ်တင်းရရှိမည်ဖြစ်ပြီးတောင်သူများ မိမိတို့မျိုးများကို နှစ်စဉ်မြှင့်တင်၍ အထွက်နှုန်းတိုးတက်လာရေး ရည်ရွက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။ မိုးစပါးစံကွက်(၆.၆)ပေ အကွက်ငယ်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း (၁၀၇.၄၂)တင်းအစို၊ (၉၆.၆၈)တင်း (အခြောက်)ထွက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)