လပွတ္တာ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံကထိန်သင်္ကန်းကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က လပွတ္တာမြို့နယ် လေးအိမ်တန်းကျေးရွာ ဓမ္မသီတဂူကျောင်းတိုက်၌ကျင်းပသည်။
အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး လပွတ္တာမြို့နယ် မြို့တွင်းကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့သည်။ ယင်းနောက် မြို့တွင်း ကျောင်းဆရာတော်ထံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွှန့်နှင့်ဇနီးတို့က ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့သည်။
ထို့နောက် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငွေပဒေသာပင်နှင့် ပစ္စည်းပဒေသာပင် တန်းဘိုး(၁၁၁၇၆၀၀)ကျပ် တစ်ဆယ့်တစ်သိန်းတစ်သောင်းခုနှစ်ထောင်ခြောက်ရာကျပ်၊ အစိုးရနည်းပညာ သိပ္ပံကျောင်း ငွေပဒေသာပင် (၁၁၁၉၀၀၀)ကျပ် တစ်ဆယ့်တစ်သိန်းတစ်သောင်းကိုးထောင်ကျပ်၊ ရန်ကုန်ရောက် စေတနာရှင်များက ပစ္စည်းပဒေသာပင်နှင့် ငွေပဒေသာပင် (၃၅၃၀၀၀၀)ကျပ် သုံးဆယ့်ငါးသိန်း သုံးသောင်းကျပ်တို့အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ရေစက်ချတရားတော်နားယူခဲ့ပြီး သိမ်းဆင်းလောင်းလှူခဲ့ကြသည်။ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လပွတ္တာ(ပြန်/ဆက်)