ပန်းတနော် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အေရိုးဗစ်အကနှင့် Myanmar Fitness Dance အကသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ခန္ဓာကြီးထွားသန်မာစေကာ ဉာဏ်ရည်မြင့်မားခြင်း၊ မိတ်ဆွေပေါများခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တက်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အကနည်းပြဆရာမနှစ်ဦးက စနစ်တကျသင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အားကစားဝါသနာစိတ်ပါဝင်စားသော လူငယ်လူရွယ်များ တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)