ပဲခူးမြို့တန်ဆောင်တိုင်မီးထွန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ပဲခူး နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးအား နိုဝင်ဘာလ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 အဆိုပါတန်ဆောင်တိုင်မီးထွန်းပွဲတော်ကာလအတွင်း ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ ရင်ပြင်ပေါ်တွင် ယက္ကန်းစင်()စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင် ပူဇော်ခြင်း၊ ပဲခူးမြို့အတွင်းရှိအဓိကလမ်းများ၊ အပန်းဖြေဥယျာဥ်များတွင် LEDမီးများဖြင့် အလှဆင်ထားရှိခြင်း၊ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်း၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာ မုန့်ဆိုင်များခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည့်အပြင် ပျော်ပွဲရွှင်ပွဲအနေဖြင့် နိုင်ငံကျော်အနုပညာရှင်များစွာက တေးဂီတများဖြင့် သီဆိုဖျော်ဖြေခြင်း၊ စတုဒီသာကျွေးမွေး လှူဒါန်းခြင်းများပါဝင်မည်ဖြစ်ကြောင်းသိရသည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းအား နိုဝင်ဘာလ (၂၆)ရက်နေ့ညပိုင်းအချိန်တွင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်၌လည်းကောင်း၊ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းအား နိုဝင်ဘာလ(၂၇) ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်၍ ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့စတုဒီမဏ္ဍာပ်၌ လည်းကောင်း ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များစွာဖြင့် တေးဂီတဖျော်ဖြေရေးအစီအစဥ်အား နိုဝင်ဘာလ(၂၆)ရက်နေ့မှ(၂၇)ရက်နေ့အထိ ညပိုင်းအချိန်များတွင် ရွှေမော်ဓောစေတီတော်၏ယာဥ်ရပ်နားကွင်း၌လည်းကောင်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းအား နိုဝင်ဘာလ(၂၆) ရက်နေ့မှ(၂၇)ရက်နေ့အထိ စိန်နားပန် ()လုံး၊ ညမီးကြီးမီး()လုံး၊ မီးပုံးပျံအသေး(၁၅၀၀) လုံး၊ နေ့အရုပ်မီးပုံးပျံ (၁၅)လုံးတို့လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)