သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

သာယာဝတီ     နိုဝင်ဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က သာယာဝတီခရိုင်အားကစားကွင်း၌ ကျင်းပခဲ့​သည်။

အခမ်းအနားတွင် သာယာဝတီမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက ပြိုင်ပွဲဆုခြင်းရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။      

ဆက်လက်၍ မြို့နယ်အားကစားမှူးမှ ဦးဆောင်၍  ရေဝေရပ်ကွက်အသင်းနှင့် သဇင်အိုင်ကျေးရွာ အုပ်စုအသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ ရေဝေရပ်ကွက်အသင်းက လေးဂိုး၊ သဇင်အိုင် ကျေးရွာအုပ်စုအသင်းက သုံးဂိုး ရရှိကြကာ ရေဝေရပ်ကွက်အသင်းက  (ပထမ)၊ သဇင်အိုင် ကျေးရွာအုပ်စုအသင်းက(ဒုတိယ) ရရှိခဲ့​သည်။

ယင်းနောက် ပထမဆုရရှိသော ရေဝေရပ်ကွက်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက (၁၀) သိန်းကျပ်၊ ဒုတိယဆုရရှိသော သဇင်အိုင် ကျေးရွာအုပ်စု အသင်းအား (၇)သိန်းကျပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၁၈ ရက်နေ့ထိ ရပ်ကွက် ကျေးရွာအုပ်စုများအလိုက် ယှဥ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)