မင်းလှ နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့မွန်းလွဲပိုင်းက မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုခဲ့သည်။
ရှေးဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကွင်းမြို့၊ ရွှေတောင်တန်းလမ်းရှိ မိုးဆီစက်တွင် ဆီစက်လုပ်ငန်းလုပ်ကိုင်နေမှုနှင့် လုပ်ငန်းလည်ပတ်မူအခြေအနေများအား ကြည့်ရှုမေးမြန်းခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးအုပ်စု၊ ကိုင်းပြင်ကြီးမြောက်စုကျေးရွာ၊ ဦးပိုင်အမှတ်(၄၇/၁)၊ ကွင်းအမှတ် ၇၈၀(ခ)ရှိ တောင်သူ ဦးဖိုးလပြည့်ပိုင် မတ်ပဲ(၂)ဧကစိုက်ခင်းတွင် မတ်ပဲပျိုးကျဲနေမူအား ကြည့်ရှုခဲ့၍ မျိုးကောင်းမျိုးသန့်များရရှိရေး၊ အထွက်နှုန်းကောင်းမွန်ရေးတို့ကို ကြိုးစားဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)