ဇီးကုန်း နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်က ဇီးကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက ဟောပြောပွဲနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကို Grade-11 မှ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး၊ ကျွန်မအနှစ်သက်ဆုံး ဘာသာရပ်၊ ကျောင်းသားနှင့် မူးယစ်ဆေး၊ ကျွန်မသာအင်ဂျင်နီယာတစ်ယောက်ဖြစ်ခဲ့လျှင်၊ အဆိုတော် တစ်ယောက်ဖြစ်ခဲ့လျှင်၊ စာရေးဆရာ တစ်ယောက်ဖြစ်ခဲ့လျှင်၊ အကယ်၍ ဆရာမတစ်ယောက်ဖြစ်ခဲ့လျှင်၊ မိုးရွာတုန်း ရေခံ၊ ကျောင်းသားနှင့်အားကစား၊ ကျေင်းသားနှင့်စာပေ စသည့် ခေါင်းစဉ်များမှ မိမိကျရာ ခေါင်းစဉ်အား ပြောဆို၍ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)