အရာ​တော်မြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူး​ ဆောင်ရွက်မည့်သူများအား မဲရုံတာဝန်များနှင့် မဲ​ပေးနည်း လက်​တွေ့ သရုပ်ပြ

အရာ​တော် အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊  အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းတွင် မဲရုံ လုပ်ငန်းတာဝန်များနှင့် မဲပေးနည်း လက်​တွေ့သရုပ်ပြခြင်းကို ယမန်နေ့ ည​​နေ ၄ နာရီက မြို့နယ် အခြေခံပညာ အထက်တန်း​ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မုံရွာခရိုင်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးချစ်ကွန်းနှင့် အရာ​တော်မြို့ နယ်​ ရွေး​​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမြင့်တို့က မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ  လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအ‌ကြောင်းနှင့် ပါတီစုံ ဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲတွင် မဲပေးပုံ အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားခဲ့ သည်။

ထို့နောက် ​အရာ​တော်မြို့ အ​ခြေခံပညာ အထက်တန်း​ကျောင်းတွင်  မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်း တက် ရောက်နေသည့် သင်တန်းသားများကို မဲပုံးများအားလုံခြုံ​ရေးကြိုးများ တပ်ဆင်နည်း၊ မဲစာရင်းစစ်​ဆေးနည်း၊ မဲလက်မှတ်ထုတ် ပေးနည်း၊ မဲပေးပုံ၊ မဲရေတွက်ပုံ အဆင့်ဆင့်နှင့် မဲ​ပေးပုံ​ ပေးနည်းများကို မြို့နယ်​ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ဒုတိယမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးကျော်ညွန့်​ဝေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လက်တွေ့သရုပ်ပြ ပြုလုပ်ခဲ့သည်။

အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို အောက်တိုဘာ ၂၁ ရက်မှ၂၆ ရက်နေ့အထိ  ရက်တာ သင်တန်း ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စု (၄၂) အုပ်စု မှ သင်တန်းသား  (၁၂၃) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

နွယ်နီမြင့်