ပိုင်ကျုံ နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်တာများအကြောင်း၊ လုံခြုံရေးအထူးသတိပြုရမည့်အကြောင်း၊ ပရဟိတမြို့မကျောင်းတွင် နှစ်ကျင်းပမြဲဖြစ်သည့် မဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ စာရင်း၊ ဇယားများ အချိန်မီပေးပို့နိုင်ရေးနှင့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးယိမ်းအကပြိုင်ပွဲတွင် ပိုင်ကျုံမြို့ကိုယ်စားပြု ဒုံးယိမ်းအဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးသူများအား အထူးကျေးဇူးတင်ကြောင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်တာကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
ပိုင်ကျုံမြို့တွင် ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တစ်လလျင်နှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)