ရွာသစ်မြို့၌ တောင်သူများ၏ ဆောင်းသီးနှံ စိုက်ခင်း ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း ကြည့်ရှု

ရွာသစ် အောက်တိုဘာ ၂၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ ဆောင်းသီးနှံ စိုက်ခင်း ပိုးမွှားများ ကျရောက်မှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ စံပြ စိုက်ကွင်း၌ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ စံပြ စိုက်ခင်း စိုက်ကွက်များအား ကွင်းဆင်း စစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးရယ်နှင့် ၀န်ထမ်းမျာက တောင်သူများ၏ ဆောင်းနေကြာ၊ ပဲတီစိမ်း စံပြ စိုက်ကွက်များ အား အောင်မြင်စွာ စိုက်ပျိုးထားမှု အခြေအနေကို ပိုးမွှားများ ကျရောက်မှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ကာလအတွင်း မျိုးစေ့များကို မှာယူရာတွင် အခက်အခဲများ ရှိသော်လည်း တာ၀န်ရှိသူများ၏ အဆင့်ဆင့် ကူညီ ပံ့ပိုးမှုကြောင့် တောင်သူများအတွက် လိုအပ်သော မျိုးစေ့များအား လက်၀ယ်သို့ အချိန်မီ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးရယ်၏ ပြောကြားချက်အရ သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)