ကျောင်းသားအားကစားပွဲတော်တွင် ပုသိမ်ခရိုင်အတွင်းမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး လူရွေးပွဲပြုလုပ်

ပုသိမ် နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ပညာရေးမှူးရုံးက ဦးဆောင်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးချယ်ပွဲများကို နိုဝင်ဘာလ (၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ ပုသိမ်မြို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လူရွေးချယ်ပွဲများကို ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၊ ကြက်တောင်အားကစားရုံ၊ အ.ထ.က(၅)နှင့် အ.ထ.က(၁၁)ကျောင်းများ၌ ပြုလုပ်ခဲ့ပြီး ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် စားပွဲတင်တင်းနစ် ကစားနည်းများကို ခရိုင်အုပ်စု (၁)အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ကျောင်းအဆင့် လက်ရွေးစင် အားကစားသမား ကျောင်းသား/သူ (၄၇၅)ဦး ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ကြကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)