စုကလိမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

စုကလိ   နိုဝင်ဘာ    ၁၇

လူငယ်လူရွယ်များအနေဖြင့် ပညာခေတ်၏ စိန်ခေါ်မှုများအား  မှန်ကန်သော အောင်မြင်မှုတို့ဖြင့် ရင်ဆိုင်တတ်စေရန်၊ မိမိတို့၏ ကိုယ်ပိုင်ဘဝများကို ကြိုးစားမှုများဖြင့် လျှောက်လှမ်းတတ်စေရန်နှင့် အမှားထဲက အမှန်ကိုရှာဖွေပြီး ဘဝကိုတည်ဆောက်နိုင်စေရန်အတွက် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း အားယနေ့နံနက်ပိုင်းအချိန်ကစုကလိမြို့  လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်နှင့်လူငယ်နှင့်အမှားခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးပေးပြီးစာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ အသင်းဝင် ဦးညီညီအောင်က  လူငယ်နှင့် စူးစမ်းစိတ်၊ အသင်းဝင် ဒေါ်အိဖြူစင်က လူငယ်နှင့် ဒဿနခေါင်းစဥ်ဖြင့် အသီးသီး ဆွေးနွေးပေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များအာမေးမြန်ရာ ဒုတိယဦးစီးမှူးက ပြန်လည်ဖြေကြားပေးသည်။

စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းများအား လစဥ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုပိုအောင်(စုကလိ)