ပုသိမ် နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စုပေါင်းမဟာဘုံကထိန်ပွဲ၊ မီးမျှောပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် စတုဒိသာများ ကျွေးမွေးလှူဒါန်းနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပဒေသာပင်များအား သတ်မှတ်ရက်အတွင်း စနစ်တကျအပ်နှံနိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မီးမျှောပွဲကျင်းပရေးအတွက် စက်လှေများ အဆင်သင့် ပြင်ဆင်ထားရှိရေး၊ လိုက်ပါမည့်သူများအား စနစ်တကျ ရွေးချယ်ဆောင်ရွက်ရေး၊ ရောင်စုံမီးများ တပ်ဆင်ထားရှိရေး၊ ရပ်ကွက်/ဌာနများအလိုက် စတုဒိသာများ ကျွေးမွေးလှူဒါန်းနိုင်ရေး၊ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာမှု ရှိစေရန် ပြင်ဆင်ဆောင်ရွက်ထားရှိရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြင့်ဟန် (ပြန်/ဆက်)