ငါးသိုင်းချောင်း နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ-မ-က ရွှေဘိုတန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက စာဖတ်ခြင်း အကျိုးကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် Fitness Dance အကများဖြင့်သရုပ်ပြသခြင်း၊EIM "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" အစီအစဉ်ကို ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)