မြင်းမူမြို့ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်

မြင်းမူ နိုဝင်ဘာ ၁၇

စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် သုတ/ရသစာပေအပြင်   စာဖတ်သူများလက်တွေ့ အသုံးချဆောင်ရွက် နိုင်ရန်အတွက် ပြန်/ဆက်ဦးစီးဌာနက ထုတ်ဝေသည့်  ဒို့ကျေးရွာမွေးမြုရေး နည်းလမ်းကောင်းများ စာအုပ်တွင်ပါရှိသည့် “နွားစာများမှ အစာအဆိပ်ဖြစ်တတ်သည်ကို သတိပြုစေချင်ခေါင်းစဉ်အား စာဖတ်သူများကဖတ်ကြားဆွေးနွေးကြရာ  နွားများစားသုံးသော   အပင်/အသီး/အရွက်များတွင် အဆိပ်များ ပါဝင်တတ်ရာ သတိပြုကျွေးမွေးစောင့်ကြည့်ရန် လိုအပ်ချက်များ၊ အစာအဆိပ်သင့်ခြင်း၏ ကြင်အင်များဖြစ်သည့်   အင်အားချည့်နဲ့ခြင်း၊ လမ်းလျှောက်ရာတွင်ယိမ်းယိုင်ခြင်း၊ အပူချိန်မြင့် တက်ခြင်း၊ သွားရည်ယိုခြင်း၊ မျက်လုံး၊ ပါးစပ်နှင့်နှာခေါင်းတို့တွင် သွေးခြည်ဥများပြားလာခြင်းတို့ တွေ့ရှိလာနိုင်ပြိး ယင်းလက္ခဏာ ပေါ်လာပြီးမှ ဆေးကုသပါကလည်း  သေဆုံးခြင်းဖြစ်တတ်မှုများကြောင့် မိမိအိမ်မွေး ကျွဲ/နွား တို့ကို ဂရုပြုမွေးမြူခြင်း၊ ရောဂါကုသရာတွင်လည်း ကျွမ်းကျင်သည့် တိရိဆ္ဆန်ဆရာများဖြင့် ကုသပေးရန်လိုအပ်ခြင်း စသည့် အကြောင်းအရာများကို  စာပေဝါသနာရှင်တစ်ဦးဖြစ်သူ ဦးမြင့်အောင်က ဦးဆောင်ဖတ်ကြားကာ စာပေဝါသနာရှင်များက စုပေါင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်သူ့စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး  လာမည့် စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးရန် စာအုပ်အား စုပေါင်းရွေးချယ်ခဲ့ကြသည်။  မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်သည့် အသိပညာပေးလုပ်ငန်းများဖြစ်သော စာဖတ်ဝိုင်းများ၊  စာအုပ်ပြပွဲများ၊ (talk show) အစီအစဉ်များကို အပါတ်စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်စိုးဖေ (မြင်းမူ)