ကလိန်အောင် နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်လဲ့ ကအနာဂတ်အမျိုးဆက်သစ် ကျောင်းသားကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် "ယနေ့ လူငယ်များကို စာဖတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရန်၊ စာဖတ်ခြင်းသည် အမှား၊ အမှန်ကိုဝေဖန်ပိုင်ခြားနိုင်ပါကြောင်း၊ စာဖတ်ခြင်းကြောင့် မိမိတို့၏ ဘဝအားကောင်းမွန်အောင်တည်ဆောက်လာနိုင်ကြောင်း စာအုပ်စာပေများကို ဖတ်ရှုလေ့လာပြီး စာပေမှရရှိသော အသိပညာဗဟုသုတများတိုးပွားလာနိုင်ကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း”ကို ဟောပြောပြီးဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၉၈)ဦးခန့်က စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုပြီး စာအုပ်စာပေများလည်းငှာရမ်း ဖတ်ရှုခဲ့ကြကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)