စလင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

စလင်း နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ  ဥက္ကဌဖလားအသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်(၃)နာရီအချိန်က စလင်းမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် စလင်းမြို့နယ်အမျိုးသား ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး မြို့နယ်အတွင်းမှ ဘောလုံးအားကစားသမားကောင်း လူငယ်များပေါ်ထွန်းလာပြီး ခရိုင်အဆင့်မှသည်။ တိုင်းဒေသကြီးအဆင့်ဖလားပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ရည်ရွယ်ကာ စလင်းမြို့နယ်အတွင်းရှိ ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ကာ သက်တမ်းအလိုက် အသက်အပိုင်းခြားလူငယ်အများစုပါဝင်သည့်အတွက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြိုင်ပွဲဝင်အားကစားသမားများကလည်း အားကစားစိတ်ဓာတ်အပြည့်နှင့် သန့်သန့်ရှင်းရှင်း ယှဥ်ပြိုင်ကစားကြစေလိုကြောင်း ယခုပြိုင်ပွဲမှသည် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်မှ နိုင်ငံလက်ရွေးစင်ကိုယ်စားပြုကာ ထူးချွန်ထက်မြက်သော နိုင်ငံတော်မှအားထားရသည့် ဘောလုံးသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည် ဆက်လက်၍ နိုင်ငံတော်အလံအလေးပြုခြင်း ကျောင်းသူကလေးများကဘဝါးအကဖြင့် ဧည့်ခံဖျော်ဖြေခြင်း ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်က ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြောင်း သိရသည်။

ယင်းနောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ပထမနေ့ပွဲစဥ်အဖြစ် ဆင်မကျွန်းကလပ်အသင်းနှင့် စလင်းကလပ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ စလင်းကလပ်အသင်းက (၂)ဂိုး(၀)ဖြင့် အနိုင်ရရှိခဲ့ပြီး၊ ပြိုင်ပွဲအားပြိုင်ပွဲဝင်အသင်း(၁၄)သင်းဖြင့် ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ရာ၊ ပြိုင်ပွဲအား နိုဝင်ဘာ(၁၆)ရက်မှ၊ ဒီဇင်ဘာ(၃)ရက်နေ့အထိ စလင်းမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးထံမှ သိရှိရသည်။

မောင်လွင်(စလင်း)